(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အားကစားနည်း ၄၀ ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်

By admin_webportal

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အားကစားနည်း ၄၀ ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်

Skip to main content

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အားကစားနည်း ၄၀ ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အားကစားနည်း ၄၀ ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်

ရန်ကုန် ဇူလိုင် ၆

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှအားကစားနည်း ၄၀ ဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

မကြာမီ ထိုင်းနိုင်ငံမှာကျင်းပမယ့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု အားကစားနည်း ၄၀ ဝင်ရောက်ယှဉ်ပြိုင်သွားနိုင်ရေးကို ဆောင်ရွက်နေပြီဖြစ်ပါတယ်။ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံရဲ့ အားကစားအဆင့်အတန်း ပိုမိုမြင့်မားစွာရရှိရေး အတွက်လည်း ကြိုးပမ်း ဆောင်ရွက်နေပါတယ်”ဟု အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူ ကပြောသည်။

အဆိုပါ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၌ အိမ်ရှင်ထိုင်းနိုင်ငံမှ အားကစားနည်း ၅၀ ထည့်သွင်းကျင်းပမည်ဖြစ်ရာ ယင်းအားကစားများအနက် မြန်မာ့လက်ရွေးစင် အားကစားသမားများက အားကစားနည်း ၄၀ တွင်ပါဝင်ယှဉ်ပြိုင် ကြမည်ဖြစ်ပြီး အားကစားနည်းများမှာ ပီတန်း၊ ဘိလိယက်/စနူကာ၊ ပိုက်ကျော်ခြင်း၊ ခြင်းလုံး၊ ဝူရှူး၊ လှေလှော်၊ ပန်ကြပ်ဆီလက်၊ အလေးမ၊ မွေ၊ ဂျူဒို၊ ပြေးခုန်ပစ်၊ မြားပစ်၊ သေနတ်ပစ်၊ ဘောလုံး(အမျိုးသား၊ အမျိုးသမီး)၊ ဖူဆယ်၊ လက်ဝှေ့၊ တိုက်ကွမ်ဒို၊ E-Sports၊ ခရစ်ကက်၊ စစ်တုရင်၊ ကရာတေး၊ နပန်း၊ ရေကူး၊ ကြက်တောင်၊ ဘတ်စကက်ဘော၊ ဘိုးလင်း၊ စက်ဘီး၊ မြင်းစီး၊ စကိတ်၊ ဂေါက်၊ ဟော်ကီ၊ ကျွမ်းဘား၊ ဂျူဂျစ်ဆု၊ Kabaddi၊ Kick boxing၊ ရွက်လှေ၊ Squash၊ စားပွဲတင်တင်းနစ်၊ တင်းနစ်၊ Teqball၊ ဘော်လီဘော၊ Tug of War(Demonstration Sport)တို့ပါဝင်သည်။

အိမ်ရှင်ထိုင်းနိုင်ငံသည် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ဒီဇင်ဘာလ ၉ ရက်မှ ၂၀ ရက်ထိ ဘန်ကောက်၊ ချွန်ဘူရီခရိုင်နှင့် ဆောင်ခလာခရိုင်တို့တွင် ကျင်းပမည်ဖြစ်ပြီး ချွန်ဘူရီတွင် အားကစားနည်း ၁၅ နည်း၊ ဆောင်ခလာတွင် အားကစားနည်း ၁၀ နည်းနှင့် ကျန်အားကစားနည်းများအား ဘန်ကောက်၌ကျင်းပသွားမည် ဖြစ်ကြောင်းနှင့် ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၉ ရက်တွင် ကျင်းပမည်ဖြစ်သည်။

၂၀၂၃ ခုနှစ် ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပသည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ရွှေတံဆိပ် ၂၁ ခု၊ ငွေတံဆိပ် ၂၅ ခုနှင့် ကြေးတံဆိပ် ၆၈ ခု ဆွတ်ခူးရရှိခဲ့ပြီး ယင်း ဆုတံဆိပ်များအနက် ဗိုဗီနမ်၊ ပိုက်ကျော်ခြင်း၊ ခြင်းလုံး၊ ဘိလိယက်/စနူကာ အားကစားနည်းတို့မှ ရွှေတံဆိပ်ဆု အများဆုံး ရယူပေးခဲ့ကြောင်းလည်း သိရသည်။

Read More…