By admin_webportal
Skip to main content
၂၀၂၅ ခုနှစ် ဇွန်လအတွင်း ရန်ကုန်(ကမ္ဘာအေး)၏ လေအရည်အသွေး အခြေအနေများ
၂၀၂၅ ခုနှစ် ဇွန်လအတွင်း ရန်ကုန်(ကမ္ဘာအေး)၏ လေအရည်အသွေး အခြေအနေများ
နေပြည်တော် ဇူလိုင် ၂
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနသည် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ရန်ကုန်(ကမ္ဘာအေး)ရုံး၌ ဂျပန်နိုင်ငံ Asia Center for Air Pollution Research (ACAP) နှင့် Clean Air Asia တို့၏ ကူညီထောက်ပံ့မှုဖြင့် လေထုအတွင်း (2.5µg) နှင့်အောက် သေးငယ်သော အမှုန်အမွှားများ (Particulate Matter – PM) ပါဝင်မှုကိုတိုင်းတာနိုင်သည့် အလိုအလျောက် PM2.5 Monitor စက်တပ်ဆင်၍ လေအရည်အသွေး (PM2.5) စောင့်ကြည့်တိုင်းတာခြင်း လုပ်ငန်းကို ၂၆-၃-၂၀၁၈ ရက်နေ့မှစ၍ ၂၄ နာရီ စောင့်ကြည့် တိုင်းတာလျက်ရှိပါသည်။
ရန်ကုန်(ကမ္ဘာအေး)ရုံး၌ ၂၀၂၅ ခုနှစ် ဇွန်လ ၁ ရက်မှ ၂၉ ရက်အထိ တိုင်းတာရရှိခဲ့သည့် PM2.5 တန်ဖိုးများကို လေအရည်အသွေး အညွှန်းကိန်း (Air Quality Index – AQI and Health Concerns) သတ်မှတ် ဖော်ပြချက်များနှင့် နှိုင်းယှဉ်ကြည့်ရာတွင် ဇွန်လ ၂၊ ၃၊ ၄၊ ၅ ရက်နှင့် ၉ ရက်တို့သည် AQI Range 51-100 အတွင်းတွင်ရှိသောကြောင့် အသင့်အတင့်အဆင့် (Moderate)နှင့် ကျန်ရက်များသည် AQI Range 0-50 အတွင်းတွင်ရှိသောကြောင့် ကောင်းမွန်သောအဆင့်(Good) ဖြစ်ကြောင်း တွေ့ရှိရပါသည်။
တိုင်းတာရရှိခဲ့သည့် မှတ်တမ်းများအရ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ရန်ကုန် (ကမ္ဘာအေး)ရုံး၏ လေအရည်အသွေးမှာ ဇွန်လအတွင်းတွင် ကောင်းမွန်သောအဆင့်၌ ၂၄ ရက်နှင့် အသင့်အတင့်အဆင့်၌ ၅ ရက်ရှိနေကြောင်း သုံးသပ်တွေ့ရှိရပါသည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
မိုးလေဝသသတင်း