By admin_webportal
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး အဖွဲ့၏ ဒုတိယအကြိမ်မြောက် ဒစ်ဂျစ်တယ်စီးပွားရေး ဖိုရမ်သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်
နေပြည်တော် ဇူလိုင် ၁၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံ ထျန်းကျင်းမြို့၌ ကျင်းပသော ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (Shanghai Cooperation Organization) ၏ ဒုတိယအကြိမ်မြောက် ဒစ်ဂျစ်တယ်စီးပွားရေးဖိုရမ် တက်ရောက်ရန် တရုတ်နိုင်ငံသို့ ဇူလိုင်လ ၉ ရက်မှ ၁၂ ရက်အထိ သွားရောက်ခဲ့သည်။
အဆိုပါဖိုရမ်ကို ဒုတိယအကြိမ် ကျင်းပခြင်းဖြစ်ပြီး ဖိုရမ်အတွင်း ဝန်ကြီးအဆင့် တံခါးပိတ်အစည်းအဝေး၊ Open Forum နှင့် ခေါင်းစဉ်အလိုက် သီးခြားဆွေးနွေးမှုများ အပြင် ထျန်းကျင်းတက္ကသိုလ်များမှ ကျွမ်းကျင် ပညာရှင်များ၏ ဟောပြောပို့ချဆွေးနွေးမှုများပါ ပါဝင်သည်။
ဇူလိုင်လ ၁၀ ရက်တွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် ထျန်းကျင်း