နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကို အားပေးစို့

By admin_webportal

နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကို အားပေးစို့

 

နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကို အားပေးစို့

 

     မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ မှီတင်းနေထိုင်ရာ နိုင်ငံတစ်ခုဖြစ်သည်နှင့် အညီ မတူကွဲပြားသော ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းသမိုင်းကြောင်း အသီးသီးတို့ရှိခဲ့သည့်အပြင် လူမှုဘဝနေထိုင်မှုပုံစံမတူညီသော ပြည်ထောင်စုနိုင်ငံ တစ်ခုဖြစ်သည်။ ထိုပြည်ထောင်စုနိုင်ငံအတွင်းတွင် နေထိုင်ကြသည့် လူငယ်ဆိုသည်မှာလည်း အလားအလာကောင်းများကို ပိုင်ဆိုင်ထားကြသူများဖြစ်သည့်အတွက် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်အကောင်း အဆိုးသည် လူငယ်များ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် စွမ်းရည်အပေါ်တွင် တည်မှီနေသည်။

တန်ဖိုးဟူသည်မှာ   အသုံး၀င်မှုတစ်ခုဖြစ်ပြီး    မိသားစုအတွက် အသုံးဝင်ပါက မိသားစုအတွက် တန်ဖိုးရှိသောလူငယ်ဖြစ်ပြီး ကျေးရွာ၊ တိုင်းပြည်အတွက် အသုံးဝင်သူဆိုပါက ကျေးရွာ၊ တိုင်းပြည်အတွက် တန်ဖိုးရှိသော လူငယ်များဖြစ်သည်။ ယနေ့လူငယ်များ၏ ဘဝသည်အလွန်တန်ဖိုးရှိလှသည်။ အဘယ်ကြောင့်ဆိုသော် လူငယ်အရွယ်သည် လုပ်နိုင်စွမ်း အမြင့်မားဆုံးသော အရွယ်ကာလဖြစ်သောကြောင့်ဖြစ်သည်။ 

ထို့ကြောင့် လူငယ်ဘ၀ကို တန်ဖိုးထားရန် လိုအပ်သည်။ လုပ်နိုင်စွမ်းရှိသည့်အချိန်၌ အကောင်းဆုံး လုပ်ဆောင်ရန်လိုအပ်သည်။

လူငယ်ဘဝသည် လူတစ်ဦး၏ ဘဝအ

Read More…